အဓိကအကြောင်းအရာသို့

👋 Thanks for Trying FOM!

Thanks for joining us early! FOM is still a work in progress, and we're continuously improving the platform based on user feedback. We appreciate your patience and would love to hear your suggestions.

Share Feedback
ထုတ်ပြန်ချက်အားလုံး

၁.၄.၀WebAndroidiOS

Live comment အော်ဒါ၊ Rider ငွေနဲ့ အမြတ်

Facebook Live ပေါ်က comment တွေကို အော်ဒါအဖြစ် ပြောင်းပါ၊ rider တွေ ကောက်ခဲ့တဲ့ COD ငွေကို ခြေရာခံပါ၊ အော်ဒါတိုင်းမှာ တကယ်ရတဲ့ အမြတ်ကို ကြည့်ပါ။

More အောက်မှာ Live အော်ဒါများ အသစ်ပါလာပါပြီ။ ဝယ်သူတွေက သင့် Facebook Live မှာ ပစ္စည်းကုဒ် comment ရေးရင် FOM က ဝယ်သူတစ်ယောက်ချင်းစီရဲ့ comment တွေကို အော်ဒါ မူကြမ်းအဖြစ် စုပေးပြီး လက်ကျန်ကို သူတို့အတွက် ဖယ်ထားပေးပါတယ်။ မူကြမ်းကို စစ်ပြီး အတည်ပြုလိုက်ရင် ဝယ်သူဆီ သူ့အော်ဒါပါတဲ့ private reply ပို့ပေးပါတယ်။ Live အော်ဒါကို ဆိုင်အလိုက် ဖွင့်ပေးတာမို့ သုံးချင်ရင် ဆက်သွယ်ပါ။

Rider ငွေ မှာ rider တစ်ယောက်ချင်းစီ ကိုင်ထားတဲ့ COD ငွေကို ပြပါတယ်။ Rider က COD အော်ဒါ ပို့ပြီးရင် ကောက်ခဲ့တဲ့ငွေကို ထည့်လိုက်တာနဲ့ အော်ဒါကို ငွေရပြီးအဖြစ် မှတ်ပါတယ်။ ညနေ rider အပ်တဲ့ အော်ဒါတွေကို ရွေးပြီး လက်ခံရရှိငွေကို ထည့်ရင် လိုလား ပိုလား FOM က ပြပေးပါတယ်။

ဆိုင် plan မှာ ပိုင်ရှင်နဲ့ မန်နေဂျာတွေက ကုန်ပစ္စည်းတိုင်းမှာ ကုန်ကျစရိတ် ထည့်နိုင်ပါပြီ။ ဒါဆို အော်ဒါတိုင်းမှာ အမြတ်နဲ့ အမြတ်ရာခိုင်နှုန်းကို ပြပြီး အစီရင်ခံစာမှာ စုစုပေါင်းအမြတ်၊ အမြတ်ရာခိုင်နှုန်းနဲ့ အမြတ်အများဆုံး ပစ္စည်းတွေကို ပြပါတယ်။ ပို့ခကို အမြတ်ထဲ မထည့်ဘဲ ဝန်ထမ်းတွေက ကုန်ကျစရိတ်ကို မမြင်ရပါ။

ဒီဗားရှင်းမှာ ပါတာအားလုံး

အသစ်

  • Live အော်ဒါ - Facebook Live comment တွေက အတည်ပြုရမည့် အော်ဒါ မူကြမ်း ဖြစ်လာ
  • အတည်မပြုရသေးသော Live အော်ဒါအတွက် လက်ကျန်ကို ဖယ်ထား
  • Rider ငွေ - ပို့ချိန် ကောက်ခဲ့သော COD ငွေနဲ့ ညနေ ငွေအပ်ခြင်း
  • ကုန်ကျစရိတ်၊ အော်ဒါနဲ့ အစီရင်ခံစာတွင် အမြတ်နဲ့ အမြတ်ရာခိုင်နှုန်း

ပိုကောင်း

  • Comment အော်ဒါအတွက် private reply ကို Inbox မှာ ချက်ချင်း ပြ
  • App ထဲက အော်ဒါကတ်များရဲ့ ခလုတ်များ တစ်တန်းတည်း ပြ

App ကို update လုပ်ပါ

Web portal က အလိုအလျောက် update ဖြစ်ပါတယ်။